Thursday, May 26, 2016

♪ iPhone ကို ကားသော့ကဲ့သို့ အသုံးပြုနိုင်မည့် မူပိုင်ခွင့်တစ်မျိုးကို Apple လျှောက်ထား ♫

ကွှန်ပျုတာ၊ဖုန်း၊စိုက်ပျိုးရေးနှင့်သတင်ါ်း၊အခြားနည်းပညာများ


ပြီးခဲ့သည့် အင်္ဂါနေ့က Apple သည် “အလွယ်တကူ သယ်ဆောင်နိုင်သော ထုတ်ကုန်များ အသုံးပြု၍ ကားကိုအသုံးပြုခြင်း” ဟု အမည်ပေးထားသော မူပိုင်ခွင့်ကို ရရှိခဲ့သည်။

အဆိုပါ မူပိုင်ခွင့်တွင် “ပေါ့ပါးပြီး လွယ်ကူစွာသယ်ဆောင်နိုင်သော ပင်မထုတ်ကုန်သည် ကားထံသို့ အချက်အလက်အပါအဝင် activate message ကိုထုတ်လွှင့်ပြီး ကားကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ပင်မထုတ်ကုန်သည် ဒုတိယမြောက်ထုတ်ကုန်တစ်မျိုးကို အထောက်အပံ့ပေးနိုင်ပြီး အဆိုပါ ဒုတိယထုတ်ကုန်ဖြင့် ယာဉ်အသုံးပြုခွင့်ကို ရရှိစေမည် ဖြစ်ကြောင်း၊ ထိုထုတ်ကုန်နှစ်ခုနှင့် ကားအကြား ချိတ်ဆက်မှုသည် Bluetooth သို့မဟုတ် BluetoothLE ကဲ့သို့ လှိုင်းတို ကြိုးမဲ့ protocol အပေါ်အခြေခံထားကြောင်း” ဖော်ပြထားသည်။

၎င်း၏ ဖော်ပြထားချက်အရ ကားကိုဖွင့်၍ အသုံးပြုရန် သုံးစွဲသူက iPhone ကို အသုံးပြုရမည် ဖြစ်သလို သော့ကို ဝေမျှလိုသည့်အခါတွင် မိတ်ဆွေတစ်ဦးထံသို့ access code ကို ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
 
 
                                   myokoit.blogspot.com

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 myokoIT.