ဒါလေးကတော့
Windows တင်တတ်ချင်တဲ့သူများအတွက် ဝင်းဒိုးတင်နည်း လေ့ကျင့်ခန်းလေးပါပဲ..။
Windows7 တင်တာနဲ့ အတူတူပါပဲ..။ windows7 တင်ရင် Drivers
တွေပျောက်တတ်ပေမယ့်.. အခု windows8 မှာတော့ Drivers တွေမပျောက်ပါဘူး..။
ကျနော်စက်မှာ တင်ပြီးသုံးနေလို့ ပြောပြနိုင်တာပါ..။ အရင် Windows8
Developer Previews မှာတုန်းကလည်း သုံးကြည့်ဖူးပါတယ်..။ ၅ခါလောက် Shut down
ချပြီးသွားရင် သုံးလို့မရတော့ပါဘူး..။ အခု Windows8 Consumer Preview
မှာတော့ ဘယ်နှခါ Shut down ကျပြီးမှ ပိတ်မလဲ မပြောတတ်သေးပါဘူး..။
အခုချိန်ထိတော့ ကျနော်သုံးနေတာ ၇ခါလောက်ရှိပြီ..။ သုံးလို့ရနေတုန်းပါပဲ..။
အခုဒီပိုစ့်နဲ့ အရင်တုန်းကတင်ခဲ့တဲ့ Mozilla Firefox နှင့်သိသင့်စရာလေးများ
ပိုစ့်တွေကို ဒီ Windows8 Consumer Preview နဲ့ တင်ခဲ့တာပါ..။ windows7
အတိုင်းပါပဲ..။ အားလုံးနီးပါးသုံးလို့ ရတယ်..။ ဂိမ်းတွေလည်း
ဆော့လို့ရတယ်..။ ကျနော်ကတော့ 32 bit ကိုရွေးပြီးဒေါင်းပါတယ်..။
နောက်တခုက
သူ့ရဲ့ Windows8 consumer Downloader နဲ့ ဒေါင်းတာ.. ပိုပြီးတော့
အဆင်ပြေတယ်.။ တကူးတက ထိုင်စောင့်နေဖို့ မလိုဘူး.. မိမိတို့
စက်ဖွင့်တဲ့အချိန်မှာ Desktop မှာပေါ်နေတဲ့ Windows8 Downloader
အိုင်ကွန်လေးကို နှစ်ချက်တောက်လိုက်တာနဲ့ သူ့ဖာသာ ဒေါင်းနေတော့တာပဲ..
မိမိတို့ စက်ပိတ်တော့မယ်ဆိုရင် ဒေါင်းလော့ဒါရဲ့ ညာဘက်အောက်ဒေါင့်က Pause
ကိုနှိပ်ပြီး.. ပိတ်လိုက်ရုံပဲ..။ ကျနော်တော့ လေးရက်ဒေါင်းယူရတယ်..။
လိုင်းမကောင်းရင် ရပ်နေလိမ့်မယ်..။ လိုင်းကောင်းရင် ဆက်ဒေါင်းနေလိမ့်မယ်..။
အဲဒါလေးကို ပိုသဘောကျတယ်..။ ဒါကြောင့် အဲဒီ windows8 downloader
လေးလည်းတင်ပေးလိုက်တယ်..။ Windows8 ISO ဖိုင်ကိုမှ ဒေါင်းချင်တဲ့
သူများအတွက်လည်း ISO လင့်တွေချိတ်ပေးလိုက်ပါတယ်..။ မိမိတို့
ကြိုက်နှစ်သက်ရာ 32 bit / 64 bit ရွေးဒေါင်းနိုင်ပါတယ်..။ ISO ဖိုင်တွေကို
ဒေါင်းမယ်ဆိုရင်တော့ IDM နဲ့ ဒေါင်းဖို့ အကြံပြုချင်ပါတယ်..။
လိုအပ်တဲ့သူတွေအတွက် အောက်မှာ ဒေါင်းလော့ဒါနဲ့ ISO ဖိုင်တွေ တင်ပေးလိုက်ပါတယ်..
Windows8 Consumer Downloader (4.99 MB)
Ifile
Windows8 Consumer ISO ဖိုင်များဒေါင်းယူရန်
နောက်တခုကတော့
Windows8 မှာပါတဲ့ မြန်မာယူနီကုတ်ဖေါင့်ကို ဒီတိုင်းရိုက်လို့ မရပါဘူး..။
Keymagic ကို အင်စတောလ်ဆွဲပြီးမှ မြန်မာစာရိုက်လို့ ရမှာပါ..။ ဒါကြောင့်
Keymagic ကိုလည်း တခါတည်း တင်ပေးလိုက်ပါတယ်..။ Zawgyi-one နဲ့
စာရိုက်ချင်တဲ့သူများကတော့ ဇော်ဂျီဖောင့်ကို အင်စတောလ် ဆွဲထည့်ပြီးရင်
သုံးလို့ရပါပြီ..
Keymagic Download (943.55 kb)
အောက်ကပုံကတော့
Windows8 ဒေါင်းလော့ဒါနဲ့ ကျနော်ဒေါင်းယူထားတဲ့ပုံပါ..။ အရင်ဆုံး သူ့ရဲ့
Product Key စာရွက်တရွက်နဲ့ ရေးမှတ်ထားပါ..။ ဝင်းဒိုးတင်တဲ့ အခါ
ဒီကီးတွေကို မှန်အောင် ရိုက်ထည့်ပေးလိုက်ပါ..။ ပြီးရင်တော့ Next
ကိုနှိပ်သွားလိုက်ပါ..
အပေါ်ကပုံတွေက ဒေါင်းလော့ချနေတဲ့ ပုံတွေပါ..။ အောက်ကပုံကတော့ ဒေါင်းယူပြီးလို့ ပြန်ပြီး ချက်ကင်းလိုက်နေတာပါ..
အပေါ်ကပုံတွေအတိုင်း ပေါ်နေရင်
စောင့်ပေးလိုက်ပါ..။ အောက်ကပုံကတော့ တခါတည်း Windows8 တင်မယ်ဆိုရင် Install
now ကိုကလစ်ပေးပါ.. တကယ်လို့ DVD ခွေကူးမယ်ဆိုရင်.. ဒါမှမဟုတ် USB
ထဲမှာထည့်မယ်ဆိုရင် Install On another partition ကိုကလစ်ပြီး အောက်က Next
ကိုနှိပ်ပေးလိုက်ပါ..
ဒီနေရာမှာတော့ USB လား ၊ DVD
ခွေကူးမှာလား ရွေးပေးရပါမယ်..။ ကနော်ကတော့ USB နဲ့ ကူးလိုက်ပါတယ်..။ DVD
ကူးချင်ရင်တော့ အောက်ကပုံမှာပါတဲ့ ISO စာသားနေရာမှာ ကလစ်ပြီး next
ကိုနှိပ်ပါ..။
အောက်ကပုံကတော့ USB ထဲမှာထည့်မှာ
ဖြစ်တဲ့အတွက် 4GB Pendrive တချောင်းကို မိမိတို့ ကွန်ပျူတာမှာ
စိုက်ထားပေးဖို့ လိုပါတယ်..။ USB ကိုရှာတွေ့ရင်တော့ အောက်ကပုံအတိုင်း
ပေါ်လာမှာပါ.. ပေါ်လာပြီဆိုရင်တော့ Next ကိုနှိပ်လိုက်ပါ..
အပေါ်ပုံအတိုင်းပေါ်လာရင် Yes ကိုကလစ်လိုက်ပါ.. အောက်ပုံမှာတော့ USB 4GB ထဲကို စတင်ထည့်နေပါပြီ..
အပေါ်ပုံကတော့
USB 4GB ထဲမှာ ရောက်သွားပြီဖြစ်တဲ့အတွက် Finish ကိုကလစ်ပေးလိုက်ပါ..။
အကယ်လို့ နောက်နေ့တွေမှာ အခွေကူးချင်တယ်ဆိုရင် ၄င်းဒေါင်းလော့ဒါကို
ဖွင့်လိုက်တာနဲ့ Install now တို့ Install on another partition တို့
စာသားပါတဲ့ ဘောက်စ်လေးပေါ်လာပါလိမ့်မယ်..။ အဲဒီနေရာမှာပဲ USB ကိုမရွေးပဲနဲ့
ISO/DVD နေရာကို ရွေးပေးလိုက်ပါ.. ဒါဆိုရင် အခွေကူးပါလိမ့်မယ်..
ဒီဖိုင်တွေဟာ ဝင်းဒိုးထဲမှာပဲရှိနေတာဖြစ်တဲ့အတွက် ဝင်းဒိုးအသစ်မတင်မချင်း
မိမိတို့ရဲ့စက်ထဲမှာ ရှိနေပါတယ်..။
Windows8
တင်တော့မယ်ဆိုရင်တော့ ကျနော်လုပ်တဲ့နည်းလေးကို ပြောပြချင်ပါတယ်..။
အရင်ဆုံး မိမိတို့ လက်ရှိသုံးနေတဲ့ ဝင်းဒိုးမှာ Partition တပိုင်းကို
ခွဲထုတ်လိုက်ပါ..။ ပါတေးရှင်းတပိုင်းရလာပြီဆိုရင် ၄င်းပါတေးရှင်းကို
ဘယ်နှဂစ်ရှိလဲဆိုတာ အရင်မှတ်ထားလိုက်ပါ..။ အနည်းဆုံးတော့ 40 GB
လောက်ရှိသင့်ပါတယ်..။ ပြီးရင်စောစောန Windows8 ထည့်ထားပြီးတဲ့ USB ကို
ကွန်ပျူတာမှာ တပ်ပြီး.. စက်ကို Restart ချလိုက်ပါ..။ Restart ကျသွားတာနဲ့
Boot ထဲကိုဝင်တဲ့ကီးတွေဖြစ်တဲ့ F2, F12, F8, Del, ESC စသဖြင့်
မိမိတို့စက်မှာပေါ်လာတဲ့ (အောက်ကပုံတွေလိုမျိုး) ကီးတွေကို
မိအောင်လိုက်နှိပ်ပြီး Boot Menu ကို ဝင်းသွားလိုက်ပါ..။
Boot
Menu ကိုရောက်ရင် အောက်ကပုံလိုစာသားမျိုး ကိုရှာပါ.. ဒီမှာတော့ USB နဲ့
တင်မှာဖြစ်တဲ့အတွက် USB SanDisk တို့လို... USB KingSton တို့လို မိမိတို့
အသုံးပြုတဲ့ Pendrive အမျိုးအစားပေါ်မှုတည်ပြီး ပေါ်လာမှာ ဖြစ်တဲ့အတွက် ..
ပေါ်လာတဲ့ ၄င်းစာသားကို ကြည့်ပြီး ကီးဘုတ်မှ အပေါ်အောက်မျှားနဲ့ နံပါတ် တစ်
နေရာကို ရွှေ့ပြီး Enter ခေါက်လိုက်ပါ..။
Windows8
တင်တာလည်း Windows7 တင်နည်းအတိုင်းပါပဲ.. Windows8 မှာတော့ Product Key
ထည့်ပေးပြီ.. User Account နဲ့ Password ထည့်ပေးရပါတယ်..။
ကျန်တာတွေအားလုံးဟာ Windows7 နဲ့ အတူတူပါပဲ...။ ဝင်းဒိုးတင်ပြီးလို့
စက်ပြန်ဖွင့် ရင်တော့ အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်..။ အဲဒီမှာ
မိမိတို့ အသုံးပြုချင်တဲ့ ဝင်းဒိုးကို ရွေးပေးလိုက်ပါ..။ ကျနော်က Windows8
နဲ့သုံးမှာဖြစ်လို့ ကီးဘုတ်မှ အပေါ်အောက်မျှားနဲ့ Windows8 ကိုရွေးပြီး
Enter ခေါက်လိုက်ပါတယ်..
ဒါဆိုရင် Windows8 တက်လာပါပြီ..။ အောက်ကပုံအတိုင်း အရင်ဆုံး မြင်ရပါလိမ့်မယ်..
ဒီအောက်ကပုံတွေကတော့
Windows8 မှာပါတဲ့ Wallpaper လေးတွေကို ပြပေးလိုက်ပါတယ်..။ မိမိတို့
ရှာချင်တာတွေကို အလွယ်ရှာချင်ရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း
ဘယ်ဘက်ထောင့် အောက်ဆုံးမှာ Right Click ထောက်လိုက်ရင်
ဘောက်စ်လေးပေါ်လာပါလိမ့်မယ်.။ အဲဒီထဲကနေ ရှာချင်တာတွေကို ရှာနိုင်ပါတယ်...
Windows8 ကိုစိတ်ဝင်စားတဲ့သူများ စမ်းသုံးကြည့်ကြပါကုန်..
lwinminbo.blogspot.com
0 comments:
Post a Comment