Pages

Tuesday, March 15, 2016

Facebook အကောင့်ကို ခဏတာ သို့မဟုတ် အပြီးတိုင် ဖျက်သိမ်းနည်း


Facebook ဟာ လူမှုကွန်ရက်ဖြစ်တာနဲ့အညီ လူမျိုးစုံနဲ့ ထိတွေ့ဆက်ဆံကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Facebook မှာလည်း တကယ့်လက်တွေ့ဘ၀တွေမှာလို ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာတွေ ရှိကြပါတယ်။ ဒီလို ပြဿနာတွေများပြားနေရင်တော့ သင့်ရဲ့ အကောင့်ကို ခဏတာ ပိတ်သိမ်းခြင်း သို့မဟုတ် အပြီးတိုင် ဖျက်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

Facebook အကောင့်ကို ခဏတာ ဖျက်သိမ်းနည်း သို့မဟုတ် Deactivate ပြုလုပ်နည်း

၁။ သင့်ရဲ့ Facebook App ကိုဖွင့်ပြီး ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။



၂။ Account Settings ထဲသွားပြီး Security ကို နှိပ်ပါ။

၃။ Security Settings Page ရဲ့ အောက်ခြေမှာ Account > Deactivate ကို တွေ့ရမှာ ဖြစ်ပါတယ်။ Deactivate ကို နှိပ်ပါ။


 ၄။ သင့်ရဲ့ Password ကို တောင်းခံရင် ထည့်ပေးပါ။

၅။ နောက်အဆင့်မှာတော့ ဘာကြောင့် Deactivate ပြုလုပ်သလဲဆိုတာကို Facebook က သင့်ကို စစ်တမ်းကောက်ယူမှာဖြစ်ပါတယ်။


 ၆။ စစ်တမ်းမှ “ Opt out of receiving future emails from Facebook “ မှာ အမှန်ခြစ်ပေးမှသာ Deactivate ပြုလုပ်ထားချိန်မှာ သင့်ထံ Facebook မှ အီးမေးများ မ၀င်လာမှာဖြစ်ပါတယ်။ ဖြေဆိုပြီးရင် Deactivte ကို ထပ်နှိပ်ပါ။ Password တောင်းရင်ထည့်ပေးပါ။ ဒါဟာ နောက်ဆုံးအကြိမ် Password တောင်းခံခြင်းဖြစ်ပြီး ပြီးရင်တော့ သင့်အကောင့်ကို Deactivate သို့မဟုတ် ခဏတာ ပိတ်သိမ်းလိုက်မှာ ဖြစ်ပါတယ်။ ခဏတာပိတ်သိမ်းထားတဲ့အတွက် သင်ပြန်လည် အသုံးပြုချင်တဲ့ အချိန်မှာ Username, Password ထည့်ပေးပြီး အသုံးပြုနိုင်ပါတယ်။


 Facebook အကောင့်ကို အပြီးတိုင်ဖျက်သိမ်းနည်း

Facebook အကောင့်ကို အပြီးတိုင်ဖျက်သိမ်းချင်ရင် သင့်ရဲ့ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အခြား ဒေတာများကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ အဲဒီအတွက် မဖျက်သိမ်းခင်မှာ အဲဒီဒေတာများကို ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Menu> Settings > General ထဲသွားပါ။ အောက်ခြေမှ “ Download a copy of your Facebook data” ဆိုတဲ့ လင့်ကို နှိပ်ပါ။ နောက်အဆင့်မှာ Start My Archive ကို နှိပ်ပါ။

ဒေါင်းလုပ်ရယူပြီးရင်တော့ အောက်ပါ လင့်ကနေ သင့်ရဲ့ အကောင့်ကို အပြီးတိုင်ဖျက်သိမ်းနိုင်ပါတယ်။ အကောင့်ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်ဟာ ရက် ကိုးဆယ်လောက်ကြာတတ်ပါတယ်။


https://goo.gl/gJRAXh  




Credit - Myanmar Digital Life Journal

  myokoit.blogspot.com





No comments:

Post a Comment