Pages

Tuesday, April 12, 2016

Facebook မှာ နောက်ဆုံးတင်ထားတဲ့ ပို့စ်တွေကိုပဲ မြင်ရအောင် ဘယ်လိုလုပ်မလဲ

အရင်တုန်းက Facebook အက်ပလီကေးရှင်းမှာ ပို့စ်ဖော်ပြတဲ့ပုံစံက နောက်ဆုံးတင်ထားတဲ့ပို့စ်ကနေ နည်းနည်းကြာသွားတဲ့ပို့စ်တွေဆီ ပြန်သွားတဲ့ “Most Recent” အချိန်အစီအစဉ်နဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ဒါပေမယ့် နောက်ဆုံးထွက်လာတဲ့ Facebook အက်ပလီကေးရှင်းတွေမှာတော့ ပို့စ်ဖော်ပြတဲ့ပုံစံက ပေါ်ပြူလာအဖြစ်ဆုံးပို့စ်ကို အရင်ဆုံးဖော်ပြတဲ့ “Most Popular” ပုံစံ ဖြစ်သွားပါတယ်။
ဒါပေမယ့် Facebook အနေနဲ့ “Most Recent” ပို့စ်ဖော်ပြတဲ့ပုံစံကို လုံးဝသတ်ပစ်လိုက်တာတော့ မဟုတ်ပါဘူး။ ရှာရနည်းနည်းခက်သွားတာပဲရှိပါတယ်။
အကယ်၍ ကိုယ့် News Feed မှာ အလတ်ဆတ်ဆုံးသတင်းတွေ၊ ပို့စ်တွေကိုပဲ မြင်ချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းလေးအတိုင်း လုပ်လိုက်ပါ။
    Facebook app ထဲ ၀င်ပါ။
    iOS သမားတွေအနေနဲ့ အောက်ညာဘက်ထောင့်က ‘More’ ဆိုတာကို နှိပ်ပြီး၊ Android သမားတွေအနေနဲ့ ညာဘက်အပေါ်ထောင့်က မျဉ်းသုံးကြောင်း (ဟမ်ဘာဂါမီနူး) ကိုနှိပ်ပါ။
    အောက်ကို နည်းနည်းဆွဲချလိုက်ရင် “Most Recent” ဆိုတဲ့ ခလုတ်လေးရှိပါတယ်။ နှိပ်လိုက်ပါ။ ဟုတ်ကဲ့ ဒါပါပဲ။
 
အခုဆိုရင် သင့် Facebook News Feed မှာ နောက်ဆုံးရသတင်းတွေ၊ ပို့စ်တွေကိုပဲ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ တစ်ခု သတိပြုရမှာက၊ ဒါက အမြဲပြောင်းလဲလိုက်တာမဟုတ်ပါဘူး။ တကယ်လို့ Facebook app ကို ပိတ်ပြီး၊ နောက်တစ်ကြိမ်ပြန်ဝင်မယ်ဆိုရင် ဒီအဆင့်အတိုင်း ပြန်လုပ်ပေးနေရမှာဖြစ်ပါတယ်။
Ref: Gadgets 360
Credit - digitaltimes.com.mm 
  myokoit.blogspot.com

No comments:

Post a Comment