Pages

Wednesday, April 27, 2016

‘Rifle’ လို့ အမည်ပေးထားတဲ့ ကုမ္ပဏီပိုင်ပရိုဆက်ဆာအသစ်ကို မေလထဲ မိတ်ဆက်မယ့် Xiaomi

ကွှန်ပျုတာ၊ဖုန်း၊စိုက်ပျိုးရေးနှင့်သတင်ါ်း၊အခြားနည်းပညာများ
   
                                  
Xiaomi ဟာ လာမယ့်မေလအတွင်းမှာပြုလုပ်မယ့် ကုမ္ပဏီရဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ ကုမ္ပဏီလုပ် ပရိုဆက်ဆာအသစ်တွေကို စတင်မိတ်ဆက်ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

မေလ ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် Xiaomi ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ Mi Max ဖုန်း၊ Mi Band 2 နဲ့ MIUI 8 တို့ကို မိတ်ဆက်သွားမှာဖြစ်ကြောင်း၊ ကုမ္ပဏီက တရားဝင်ကြေငြာထားပေမယ့်၊ ပရိတ်သတ်တွေ မမျှော်လင့်ထားတဲ့ ပရိုဆက်ဆာအသစ်ကိုပါ တပါတည်း မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Xiaomi ကုမ္ပဏီကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ဒီ APU (CPU+GPU) ပရိုဆက်ဆာတွေကို ‘Rifle’ လို့ ကုဒ်အမည်ပေးထားပြီး၊ တန်ဖိုးနည်း Mi ဖုန်းတွေမှာ အဓိကထားသုံးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် ကုမ္ပဏီရဲ့ ဈေးကွက်နည်းစနစ်အရ၊ စမတ်ဖုန်းတွေအပြင်၊ တက်ဘလက် နဲ့ Mi တီဗီတွေမှာပါ ဒီ APU ပရိုဆက်ဆာတွေကို သုံးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပရိုဆက်ဆာချစ်ပ်ဈေးကွက်မှာ နှစ်ကာလပေါင်းများစွာ ထိပ်ဆုံးကဦးဆောင်နေတဲ့ Qualcomm ကို အချိန်တိုအတွင်းမှာ ယှဉ်ပြိုင်နိုင်ဖို့မဖြစ်နိုင်ပေမယ့်၊ တန်ဖိုးနည်းစမတ်ဖုန်းဈေးကွက်မှာတော့ ဝေစုတစ်နေရာ ရဖို့ Xiaomi က မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

မိုဘိုင်းဖုန်းထုတ်လုပ်သူကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple ၊ Samsung နဲ့ Huawei တို့လည်း ကိုယ့်ကုမ္ပဏီပိုင် ပရိုဆက်ဆာတွေရှိပြီး၊ Xiaomi ကလည်း အမီလိုက်လာတာဖြစ်ပါတယ်။

Ref: Gadgets 360

Credit - digitaltimes.com.mm
myokoit.blogspot.com

No comments:

Post a Comment