Pages

Wednesday, April 27, 2016

Snapchat ကိုယှဉ်ပြိုင်မယ့် Camera App တစ်ခုကို Facebook ပြုလုပ်နေ

ကွှန်ပျုတာ၊ဖုန်း၊စိုက်ပျိုးရေးနှင့်သတင်ါ်း၊အခြားနည်းပညာများ

 
Facebook ဟာ ပြိုင်ဘက်ဖြစ်တဲ့ Snapchat ကိုတိုက်ရိုက်ယှဉ်ပြိုင်စိန်ခေါ်လာတဲ့ camera app တစ်ခုကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ App ကိုဖွင့်လိုက်တာနဲ့ မျက်နှာပြင်မှာ ကင်မရာလိုမျိုးပဲ ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တိုက်ရိုက်တင်တဲ့ ပုံစံကို ရရှိနိုင်မှာဖြစ်ပါတယ်။
အသုံးပြုသူတွေဟဟာ ပုံတွေကို Facebook ပိုင်ဆိုင်တဲ့ Instagram အပါအဝင် တခြား Social Media တွေမှာ ပုံတင်တာတွေ၊ ဓာတ်ပုံကို Sharing လုပ်တာတွေပါ ပြုလုပ်လို့ ရနိုင်မှာဖြစ်ပါတယ်။ ဒီပရောဂျက်ဟာ အစောပိုင်းပုံစံ အဆင့်သာရှိသေးတာဖြစ်ပြီး ထုတ်ပြန်ဦးမှာမဟုတ်သေးကြောင်းလည်း သိရပါတယ်။ Wall Street Journal မှာဖော်ပြထားတဲ့ ဖော်ပြချက်အရ ဒီသတင်းပေါက်ကြားမှုဟာ ပထမဆုံးသတင်းဖြစ်တာလည်း ဖြစ်ပါတယ်။
 
ဒီ App ကို လန်ဒန်မှာရှိတဲ့ Facebook ရဲ့ “Friend-sharing” ဆိုတဲ့ အဖွဲ့ကဦးဆောင်ပြီး ပြုလုပ်နေတာဖြစ်ပြီး Snapchat လိုမျိုး တိုက်ရိုက်ဗီဒီယိုကောလ် နဲ့ စကားပြောနိုင်မလားဆိုတာတော့ သတင်းထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ Facebook အနေနဲ့ အသုံးပြုသူတွေကို ကိုယ်တိုင်ရိုက်ကူးပြီး တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နိုင်တဲ့ Live Video ဆိုတဲ့ လုပ်ဆောင်ချက်ကိုလည်း တစ်ကမ္ဘာလုံးက အသုံးပြုသူတွေကို မိတ်ဆက်ပေးခဲ့ပေးခဲ့ပါတယ်။
Snapchat အနေနဲ့ ဗီဒီယိုကောလ်တွေနဲ့ တိုက်ရိုက်ပြောကြားနိုင်တဲ့အပြင် နောက်ပိုင်းမှာ ရုပ်ပြောင်ပုံတွေကိုပါ ထည့်သွင်းပြီး စကားပြောနိုင်တဲ့ လုပ်ဆောင်ချက်တွေကြောင့် နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုလို Video Apps တစ်ခုထုတ်လုပ်လိုက်တာဟာလည်း Snapchat ကိုတိုက်ရိုက်ယှဉ်ပြိုင်လိုက်တာလည်း ဖြစ်ပါတယ်။
Ref: Independent, Mirror, Reuters
 Credit - digitaltimes.com.mm

myokoit.blogspot.com

No comments:

Post a Comment