Pages

Sunday, May 22, 2016

ဓာတ်ပုံရိုက်လိုက်ရုံနဲ့ ဘာသာစကား ၂၁ မျိုးအထိ ဘာသာပြန်နိုင်မယ့် Microsoft Translator v2.18.87 Apk

ကွှန်ပျုတာ၊ဖုန်း၊စိုက်ပျိုးရေးနှင့်သတင်ါ်း၊အခြားနည်းပညာများ



Microsoft Translator အက်ပလီကေးရှင်းဟာ အခုဆိုရင် ဓာတ်ပုံရိုက်လိုက်ရုံနဲ့ ပုံမှာ ပါဝင်တဲ့ စာတွေကို ဘာသာစကား ၂၁ မျိုးတိတိ ပြန်ဆိုနိုင်တဲ့လုပ်ဆောင်ချက်ကို Android မှာ ရရှိပြီဖြစ်ပါတယ်။
အကယ်၍ တိုင်းတပါးသွားလို့၊ စားသောက်ဆိုင်မီနူးမှာ ရေးထားတဲ့စာတွေကို ကိုယ်မဖတ်တတ်ဘူးဆိုရင်၊ Microsoft Translator app ကနေ ဓာတ်ပုံရိုက်လိုက်ရုံနဲ့၊ ကိုယ့်မိခင်ဘာသာစကားဆီ ပြန်ဆိုနိုင်မှာပါ။
ဒီ feature ဟာ iOS မှာ ဖေဖော်ဝါရီလကတည်းက ရခဲ့တာဖြစ်ပေမယ့်၊ Android မှာတော့ အခုမှ ရတာဖြစ်ပြီး၊ ယခု Android update မှာတော့ ဘာသာစကားထောက်ပံ့မှု ပိုများလာတာကို တွေ့ရပါတယ်။
iOS ဗားရှင်းလိုပဲ၊ ဖုန်းထဲမှာ save လုပ်ထားတဲ့ပုံတွေကိုလည်း ဘာသာပြန်ဆိုနိုင်ပါတယ်။ ထူးခြားချက်ကတော့ ဒီ feature တွေအကုန်လုံးကို Microsoft ရဲ့ Windows Phones တွေမှာ ၂၀၁၀ ကတည်းက ရနေတာပါ။
ယခု Android app မှာ Inline Translation လို့ ခေါ်တဲ့ feature လည်း ပါဝင်တာကြောင့်၊ ဖုန်းထဲမှာ စာတစ်ခုခု ဖတ်နေရင်း ဘာသာပြန်ချင်လို့ရှိရင်၊ စာကိုဖိထားလိုက်ရုံနဲ့၊ copy/paste ရွေးတဲ့နေရာမှာ translate ဆိုတာပါ ပါဝင်လာမှာဖြစ်ပြီး၊ ဘာသာစကား ၅၀ မျိုးကျော်ကို ပြန်ဆိုနိုင်တယ်လို့ သိရပါတယ်။
အင်တာနက်မရတဲ့အခါမှာလည်း offline ဘာသာပြန်ဆိုမှုလုပ်နိုင်ဖို့အတွက် ဘာသာစကား ၄၃ မျိုးအထိ langauge pack ဒေါင်းလုဒ်ဆွဲထားနိုင်ပြီး၊ ဘာသာစကား ၃၄ မျိုး အသစ်ထပ်တိုးလာတာဖြစ်ပါတယ်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Screen Shoot



Download From Here 


Download From Here 

 လင်းစွယ်စုံ(နည်းပညာမျှဝေခြင်း)
http://www.linmss.org/
အဆင်ပြေကြပါစေ။
 

No comments:

Post a Comment