Tuesday, March 15, 2016

Device မှာ Custom ROM ကို Flash ပြုလုပ်နည်းAndroid


Android OS အသစ်တစ်ခုထွက်ရှိလာတိုင်း စမတ်ဖုန်းများမှာ OS အသစ်ကို မြည်းစမ်းခွင့်မရကြပါဘူး။ Samsung, LG, Xiaomi, Huawei တို့အပါအ၀င် ဖုန်းထုတ်လုပ်သူအားလုံးနီးပါးက OS အသစ်ကို သူတို့ရဲ့ UI Skin များနဲ့ပေါင်းစပ်ပြီးမှ ဖြန့်ချီကြတဲ့အတွက် လအနည်းငယ်စောင့်ဆိုင်းကြရပါတယ်။ စွမ်းဆောင်ရည်သင့် ဖုန်းများနဲ့ စွမ်းဆောင်ရည်နိမ့်ဖုန်းများအတွက်တော့ ဒီထက်ပိုကြာတတ်ပြီး စွမ်းဆောင်ရည်နိမ့် ဖုန်းအများစုအတွက် OS အသစ်ကို မြည်းစမ်းခွင့် လုံးဝမရရှိကြပါဘူး။ Android OS အသစ်ထွက်ရှိတိုင်း ချက်ချင်းရရှိကြတာကတော့ Pure Android or Stock Android ကို အသုံးပြုထားတဲ့ Google Nexus Device များပဲဖြစ်ပါတယ်။ Android OS အသစ်ကို လျှင်မြန်စွာ မြည်းစမ်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက Custom ROM တင်တာပဲဖြစ်ပါတယ်။

ROM ဆိုတာ ဘာလဲ?

Android ရဲ့ ရောင်းအကောင်းဆုံး အချက်က Open ဖြစ်ပြီး Customize လုပ်နိုင်တဲ့ သဘာဝကြောင့်ဖြစ်ပါတယ်။ သင့်ဖုန်းမှ ဒိတ်အောက်နေတဲ့ OS Version ကို မနှစ်သက်ရင် Third-Party Developer များက Modified ပြုလုပ်ထားတဲ့ Android Version များကို အသုံးပြုနိုင်ပါတယ်။
ဒီလို Modified ပြုလုပ်ထားတဲ့ ဗားရှင်းများကို ROM လို့ ခေါ်ပြီး ပြင်ပမှ Developer များရဲ့ ROM ဟာ သင့်ဖုန်းထုတ်လုပ်သူရဲ့ ROM ထက် လျှင်မြန်စွာထွက်ရှိလာလေ့ရှိပါတယ်။

Custom ROM ကို Flash or Install လုပ်ဖို့ အောက်ပါ အချက်များလိုအပ်ပါတယ်။
  1. An unlocked bootloader
  2. A rooted phone
  3. Custom recovery


အောက်ပါ အဆင့်များကို မပြုလုပ်ခင်မှာ သင့်ဖုန်းမှ အရေးကြီးဒေတာများကို အရင်ဆုံး သိမ်းဆည်းထားဖို့ အကြံပေးပါတယ်။
  1.     Unlock the bootloader

Bootloader ဟာ သင့်ဖုန်းကို စတင်ဖွင့်စဉ်မှာ Run တဲ့ Program ဖြစ်ပါတယ်။ Bootloader ဟာ Device တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ ဒါပေမယ့် ဖုန်းမှ ခလုတ်အတွဲအစပ်များကို နှိပ်ရင် Recovery Mode ကိုဖွင့်နိုင်ပါတယ်။ ဖုန်းတစ်လုံးချင်းစီအတွက်လည်း နှိပ်ရတဲ့ ခလုတ်အတွဲအစပ်များဟာ မတူညီကြပါဘူး။ သင့်ဖုန်းအတွက် ခလုတ်အတွဲအစပ်ကို Google မှာ ရှာဖွေပါ။


  1. Root လုပ်ပါ။

“ Root Permissions “ ဆိုတဲ့ အခေါ်အဝေါ်ဟာ Unix နဲ့ Linux နယ်ပယ်က ထွက်ပေါ်လာတာဖြစ်ပြီး သင်ဟာ သင့် Device ရဲ့ System Administrator ဖြစ်အောင် ပြုလုပ်တာဖြစ်ပါတယ်။ Root လုပ်ပြီးတာနဲ့ သင်ဟာ System Files, Parameters များကို ပြုပြင်နိုင်ခြင်း၊ Default Apps များကို Uninstall လုပ်နိုင်ခြင်းနဲ့ အခြားအသုံးဝင်တဲ့ အရာများအားလုံးကို ပြုလုပ်နိုင်မှာပါ။
  1.     Custom Recovery ကို အင်စတောလုပ်ပါ။

သင့်ဖုန်းရဲ့ မူလ Recovery ဟာ အနက်ရောင်စကရင်နဲ့ အဖြူရောင်စာသားများကိုသာ ဖော်ပြပေးတာဖြစ်ပြီး Low-Level Functions အချို့ကိုသာ ပြုလုပ်နိုင်ပါတယ်။ Android Device တိုင်းမှာ Recovery ပါရှိပြီး ခလုတ်အတွဲအစပ်များကို နှိပ်ပြီး Recovery ထဲဝင်ရတာပါ။ သင့်ဖုန်းအတွက် ခလုတ်အတွဲအစပ်များကို Google မှာ ရှာနိုင်ပါတယ်။

Custom ROM ကို တင်ပြီးတဲ့အခါမှာ Factory Settings ကို Restore လုပ်ချင်ရင် အစောကတည်းက Custom Recovery ကို အင်စတောလုပ်ရမှာပါ။ အကောင်းဆုံးတွေကတော့ ClockworkMod Recovery နဲ့ TWRP Recovery တို့ဖြစ်ကြပြီး Play Store ကနေ ရယူနိုင်ပါတယ်။


4. Custom ROM ကို Flash လုပ်နည်း။

Custom ROM အကြောင်းကို သိပြီဖြစ်တဲ့အတွက် ဘယ်တစ်ခုကို ရွေးချယ်ရမလဲဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။ ရွေးချယ်စရာများစွာ ရှိပြီး အောက်မှာဖော်ပြထားတာတွေကတော့ အကောင်းဆုံးတွေဖြစ်ပါတယ်။

• CyanogenMod : စွမ်းဆောင်ရည်ကောင်းပြီး Features များစွာပါရှိပါတယ်။
• MIUI : ဂရပ်ဖစ် အလွန်ကောင်းမွန်ပြီး စိတ်ချရပါတယ်။
• Paranoid Android : လျှင်မြန်ပြီး Flexible ဖြစ်ပါတယ်။
• AOKP : စွမ်းဆောင်ရည်ကောင်းမွန်ပြီး အဖက်ဖက်က ပြည့်စုံပါတယ်။
အဲဒီထဲက တစ်ခုကို သင်ရွေးချယ်ပြီးရင်တော့ Custom ROM ကို အင်စတောလုပ်ဖို့ စိတ်အချရဆုံးနည်းကို ဖော်ပြမှာပါ။
• ROM ကို ဒေါင်းလုပ်လုပ်ပြီးရင် သင့်ဖုန်းရဲ့ Internal Storage or SD Card ထဲသို့ထည့်ပါ။
• ဖုန်းကို ပိတ်ပါ။ ခလုတ်အတွဲအစပ်များကို နှိပ်ပြီး Recovery Mode ထဲဝင်ပါ။
• Backup and Restore ထဲဝင်ပြီး Backup လုပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ROM ကို အင်စတောလုပ်ရာမှာ မအောင်မြင်ခဲ့ရင် မူလ ROM ကို Restore လုပ်နိုင်မှာပါ။
• ROM အဟောင်းကို ဖယ်ရှားမယ့် Wipe Data , Wipe Cache, Wipe Dalvik Cache တို့ကို ပြုလုပ်ပါ။ ( Advanced ထဲမှာ ရှိပါတယ်။ )
• “ Install zip from sdcard “ ကို နှိပ်ပါ။ အဲဒီနောက်မှာ “ Choose zip from sdcard “ ကို နှိပ်ပါ။ ဖုန်းထဲထည့်ထားတဲ့ ROM ကို ရွေးပေးပါ။ ဒါဆိုရင် ဖုန်းက အလုပ်တွေ လုပ်မှာဖြစ်ပါတယ်။
• ဖုန်းက အလုပ်တွေလုပ်ပြီးတဲ့ အထိစောင့်ပါ။ ဖုန်းကို Restart ချပါ။ ပထမဆုံးတစ်ကြိမ်ဖွင့်ရင် သာမာန်ထက် အချိန်အနည်းငယ်ပိုကြာမှာပါ။ ၁၅ မိနစ်ထက်ပိုကြာနေရင်တော့ တစ်ခုခု မှားယွင်းနေပါပြီ။ မစိုးရိမ်ပါနဲ့။ ဘက်ထရီကို ဖြုတ်ပါ။


Credit - Myanmar Digital Life Journal

  myokoit.blogspot.com

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 myokoIT.