Tuesday, March 15, 2016

Facebook အကောင့် Password မေ့သွားလျှင် Password အသစ်ပြုလုပ်နည်း


Facebook အကောင့် Password မေ့သွားလျှင် သင့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေများနဲ့ အဆက်အသွယ်ပြတ်သွားနိုင်ပါတယ်။ အလုပ်ကိစ္စအတွက်လည်း Facebook ကနေ ဆက်သွယ်နေကြတဲ့အတွက် အကောင့်အသစ်ပြုလုပ်တာထက် အကောင့်အဟောင်းအတွက် Password အသစ်ကို ပြန်လည်ပြုလုပ်ပြီး အသုံးပြုရင်ပိုမိုအဆင်ပြေမှာဖြစ်ပါတယ်။ အကောင့်အသစ်ပြုလုပ်ရင် သင့်ရဲ့ အဆက်အသွယ်များကို ပြန်လည်လိုက်ရှာရတဲ့ အလုပ်ရှုပ်မှုများရှိနေပါတယ်။ ဒီ Tutorial မှာ Facebook အကောင့် Password မေ့သွားလျှင် Android Device ကနေ Password အသစ်ပြုလုပ်နည်းကို ရေးသားပေးလိုက်ပါတယ်။ iOS Device များမှာလည်း ပြုလုပ်ပုံက အတူတူပဲဖြစ်ပြီး အနည်းငယ်သာကွာခြားနိုင်ပါတယ်။

Facebook App ကိုဖွင့်ပြီး အောက်ခြေမှ Forgot Password? ကို နှိပ်ပါ။


Search Box မှာ သင့်ရဲ့ အီးမေးကို ရိုက်ထည့်ပါ။ ထွက်ပေါ်လာတဲ့ ရလဒ်များထဲမှ သင့်ရဲ့ အကောင့်ကို တစ်ချက်နှိပ်ပါ။ 


နောက်အဆင့်မှာ သင့် အကောင့် မှန်ကန်ကြောင်း သက်သေပြဖို့အတွက် သင့်ရဲ့ အီးမေးထံသို့ ကုဒ်တစ်ခုပေးပို့မယ်လို့ ပြောပါမယ်။ Continue ကိုနှိပ်ပါ။


နောက်အဆင့်မှာ သင့်ရဲ့ အီးမေးထံသို့ ကုဒ်ပို့ပေးလိုက်ပြီဖြစ်ကြောင်း ပြောပါလိမ့်မယ်။ ( အချိန်အနည်းငယ်ကြာသည်အထိ သင့်ထံအီးမေး မ၀င်လျှင် Send Code Again ကို နှိပ်ပါ။ )


Gmail ကို ဖွင့်ပါ။ Facebook က သင့်ထံပေးပို့သော အီးမေးကိုဖွင့်ပါ။ ပေးထားတဲ့ ကုဒ်ကို Facebook App မှာရိုက်ထည့်နိုင်ပါတယ်။ နောက်တစ်နည်းက အောက်ခြေမှ Change Password ကို နှိပ်ပါ။ ဒီ Tutorial မှာ ဒုတိယနည်းကို အသုံးပြုပါမယ်။

နောက်အဆင့်မှာ သင့်ရဲ့ ဘရောက်စာကနေ Web Page တစ်ခုကိုဖွင့်ပေးမှာပါ။ Password အသစ် ရိုက်ထည့်ပေးပါ။ သင့်ရဲ့ အကောင့်ကို အခြားလူတစ်ယောက်က ခိုးသုံးနေတယ်လို့ ထင်ရင် “ Log me out of…. “ မှာ အမှန်ခြစ်ပေးပြီး Continue ကိုနှိပ်ပါ။


နောက်အဆင့်မှာလည်း “ Log out of other devices” ကို ရွေးချယ်ပေးပြီး Continue ကိုနှိပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ Password အဟောင်းကို သိရှိပြီး သင့်အကောင့်ကို အသုံးပြုနေသူများရဲ့ Phones, Computers , Tablets များနဲ့ အခြား Device များကနေ သင့်ရဲ့ အကောင့်ကို Logout လုပ်ပေးမှာဖြစ်ပါတယ်။ ထိုလူများက သင့်ရဲ့ Password အဟောင်းနဲ့ သင့်အကောင့်ကို Login ၀င်လို့လည်း မရတော့ပါဘူး။


ပြီးရင် Facebook App ကိုဖွင့်ပြီး Password အသစ်နဲ့ Login ၀င်နိုင်ပါပြီ။



Credit - Myanmar Digital Life Journal
 
  myokoit.blogspot.com

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 myokoIT.