Thursday, April 14, 2016

မျက်နှာပြင်ကြီးကြီး ကြိုက်သူတွေအတွက် ၆.၉၈ လက်မ diplay ရှိတဲ့ Lenovo Phab ဖက်ဘလက် ထွက်ရှိ

 
ဖုန်းမျက်နှာပြင်လောက် သေးတာကိုလည်းမကြိုက်၊ တက်ဘလက်လောက်လည်း အကြီးကြီး မကိုင်ချင်သူတွေအတွက် ဖက်ဘလက်အသစ်တစ်မျိုးကို Lenovo က ထုတ်လိုက်ပြီဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ ၂ သိန်း ၁ သောင်းလောက်တာ ရှိတာကြောင့်၊ ဈေးနှုန်းသင့်တင့်တဲ့ ဖက်ဘလက်ဖြစ်ပြီး၊ မနှစ်က ထွက်ထားတဲ့ Phab Plus ရဲ့ lite ဗားရှင်းဖြစ်ပါတယ်။

SIM နှစ်ကတ်ထိုးသုံးနိုင်တဲ့ Lenovo Phab ဖက်ဘလက်ဟာ Android 5.1 Lollipop စနစ်နဲ့ ဖြစ်ပြီး၊ ၆၉၈ လက်မအကျယ် HD မျက်နှာပြင် ပါရှိပါတယ်။

ပရိုဆက်ဆာပိုင်းအနေနဲ့လည်း 1.2 GHz ရှိတဲ့ quadcore Snapdragon 410 SoC ကို အသုံးပြုထားပြီး၊ RAM 2GB နဲ့ ဖုန်းတွင်းမမ်မိုရီ 16 GB ပါရှိပါတယ်။ 16GB နဲ့ မလောက်ဘူးဆိုရင်လည်း microSD ကတ် 64 GB အထိ ထပ်စိုက်နိုင်ပါတယ်။

ကင်မရာအနေနဲ့လည်း 13-megapixel autofocus ပါ ကျောကင်မရာပါဝင်ပြီး၊ ရှေ့ကင်မရာကတော့ 5-megapixel ဖြစ်ပါတယ်။

4G LTE မိတဲ့အပြင်၊ FM Radio ၊ Bluetooth 4.0 နဲ့ Wi-Fi တို့ ချိတ်ဆက်နိုင်ပါတယ်။

Lenovo Phab ရဲ့ ထူးခြားချက်ကတော့ ဘက်ထရီအား 4250mAh အထိပါရှိတာဖြစ်ပြီး၊ ဖုန်းပြောချိန် ၂၄ နာရီ နဲ့ standby နာရီ ၂၀ လောက် အသုံးခံပါတယ်။ ဒီ့ပြင် နာမည်ကျော် Dolby Atmos စနစ်လည်း ပါဝင်တာကြောင့်၊ သီချင်းနားထောင်တဲ့အခါလည်း အသံအရည်အသွေးမြင့်မြင့်နဲ့ နားဆင်နိုင်မှာပါ။

Lenovo Phab ဖုန်းကို အနက်ရောင်၊ အဖြူရောင်၊ အပြာရောင်နဲ့ အနီရောင်ဆိုပြီး ကာလာလေးမျိုး ထုတ်သွားမှာ ဖြစ်ကာ၊ မြန်မာနိုင်ငံကို ဘယ်တော့ဝင်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: Gagets 360
Credit - digitaltimes.com.mm
myokoit.blogspot.com

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 myokoIT.