ခေါင်းစဉ်လေးမြင်တာနဲ့ ဘာဆိုတာကိုသိကြမယ်ထင်ပါတယ်၊ Facebook videos များ
အလွယ်ရယူနိုင်မယ့် MyVideoDownloader for Facebook apk ကို
တွေ့မိလို့ အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
တစ်ခြား Facebook Video Downloader တွေလည်းအများကြီးပါ
နောက်များလည်းထပ်ထွက်နေကြဦးမှာပဲဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် မိမိအတွက် အဆင်ပြေမယ့် App လေးတစ်ခုသာရှိခဲ့ရင်
Facebook ပေါ်မှ မိမိကြိုက်နှစ်သက်တဲ့ videos များကိုအလွယ်တကူ
ဒီလိုမျိုး App တွေက စမတ်ဖုန်းကိုသာအဓိကထားပြီး
အသုံးပြုနေကြတဲ့ညီအကိုတွေအတွက် အမြဲတမ်းလိုအပ်နေမှာပါ
နေ့စဉ်ဘ၀ထဲမှာ Android စမတ်ဖုန်းနဲ့ Facebook တို့က
ဘယ်အတိုင်းအတာတစ်ခုအထိ ခရီးဆက်ကြဦးမယ်ဆိုတာကိုမသိနိုင်တာ
Open Source ကိုအဓိကားတဲ့ Android စမတ်ဖုန်းလေးကရှိနေသ၍တော့
Social World ထဲအားလုံးထက် ခေါင်းတစ်လုံးသာပြီး နေရာယူလာတဲ့
အားလုံးရဲ့ ရင်ထဲမှ Facebook ကြီးလည်း ကျွန်တော်တို့နဲ့အတူ အမြဲရှိနေမှာပါ။
ဒီပိုစ့်သည် ကျွမ်းကျင်တတ်မြောက်ပြီးသား ညီအကိုတွေအတွက်မဟုတ်ပါ
ပြီးတော့ ဒီ app လေးကောင်းကြောင်းကို Message တစ်ခုတင်ပေးလိုက်တာပဲဖြစ်ပါတယ်။
Facebook ပေါ်မှ Videos များကိုဒေါင်းလော့နည်း
===========================
နာမည်ကြီး Facebook တွင် Videos လင့်များကို ဒေါင်းလော့ရန်အတွက်
တိုက်ရိုက်လင့်ချပေးတာမျိုးမရှိပါဘူး၊ ဒီတော့ မိမိကြိုက်နှစ်သက်တဲ့ ဗီဒီယိုများကို
သိမ်းဆည်းရယူရန် အခက်ဖြစ်လို့နေပါတယ်၊ ဒါကြောင့် MyVideo Download Tool app
စသည်များကို ဖုန်းတွင် ထည့်သွင်းပြီး ဒေါင်းလော့ရယူ အသုံးပြုကြရမှာပဲဖြစ်ပါတယ်။
Facebook ကိုအသုံးပြုသူ ဘယ်သူမဆို Facebook ပေါ်မှ videos များကို
ဒေါင်းလော့ရယူလိုတယ်ဆိုရင်တော့ ဒီ app လေးကိုအသုံးပြုစေချင်ပါတယ်။
၁။ အပေါ်မှာ ပေးထားတဲ့ ဒေါင်းလော့လင့်မှ App ကိုအရင်ဦးဆုံးရယူပြီး
ဖုန်းတွင် Install ပြုလုပ်လိုက်ပါ၊ ပြီးရင်း App ကိုဖွင့်လိုက်ပြီး “MyVideo setting"
ဆိုတာကိုနှိပ်လိုက်ပါ၊ Facebook အကောက်ကို log in ၀င်လိုက်ပါ။
၂။ အကောက်ကို ၀င်ပြီးတဲ့အခါ Menu ကိုလက်ခံရန်အတွက် ညာဘက်သို့ဆွဲလိုက်ပါ
Menu option တွင် “News feed.” ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။
New Feed သို့ရောက်တဲ့အခါ မိမိကြိုက်နှစ်သက်ပြီး ဒေါင်းလော့ရယူလိုတဲ့
ဗွီဒီယိုဖိုင်ကို ရွေးချယ်လိုက်ပါ၊ HD အရည်အသွေးဖြင့်လည်းရယူနိုင်ပါတယ်။
၃။ မိမိရယူလိုတဲ့ ဗီဒီယိုဖိုင်ကို စိတ်ကြိုက်ရွေးချယ်ပြီးတဲ့အခါ
အောက်ပါပုံအတိုင်း ဒေါင်းလော့ရယူနိုင်မယ့် option လေးပေါ်လာပါလိမ့်မယ်
"Download" ဆိုတာကိုနှိပ်ပေးလိုက်ပါ၊ ပြီးရင်ခနစောင့်နေလိုက်ပါ။
ဗီဒီယိုဖိုင်ကို ဒေါင်းလော့ရယူနေတဲ့အခါ မိမိဖုန်းရဲ့ အင်တာနက်ဆွဲအား
အပေါ်မူတည်ပြီး အနှေးအမြန် ရှိနေပါလိမ့်မယ်။
၎။ ဗီဒီယိုဖိုင်ကို ဒေါင်းလော့ပြီးတဲ့အခါ အောက်ပါပုံအတိုင်း မိမိဖုန်းရဲ့
SD card ထဲသို့အသင့်ရောက်နေပါလိမ့်မယ်၊ စိတ်ကြိုက်ဖွင့်ပြီးကြည့်ရှုနိုင်ပါပြီ။
နောက်ဆုံးအနေဖြင့်
Facebook ပေါ်မှာ Videos များဒေါင်းလော့ရယူနိုင်တဲ့ app နဲ့
ရယူနည်းကတော့ မခက်ခဲပါ၊ လွယ်ကူပြီးအရမ်းအဆင်ပြေပါတယ်။
အထူးပြောစရာလေးတစ်ခုကတော့ Videos များကိုဒေါင်းလော့ရယူ
တော့မယ်ဆိုရင်တော့ မိမိဖုန်းရဲ့ Storage space ကိုသတိထားပါ
ဝင်ဆန့်မှုပမာဏ အဆင်ပြေဦးမလားဆိုတာပါပဲ လောကကြီးသလောက်
တစ်ထိုင်တည်းနဲ့ ရယူနေမယ်ဆိုရင်တော့ ဖုန်းရဲ့ Storage space ကိုသာ
သတိထားပြီး ဒေါင်းလော့ရယူဖို့ကို သတိထားစေချင်ပါတယ်။
အဆင်ပြေပါစေ
0 comments:
Post a Comment