![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3psXP8O9b7edellnO2IcYeEVD8O3VxddaqpSUrT2KKuMdNimIX57cOHINiPGrLo5IfoUUi_XZi1iJu0GurUfEt9lsimkNbDykMQRK0Es7ENfNpX6KxKKukmeASwDyf3i3Ug6h7qkYcA/s400/Capture.jpg)
Google ဟာ ယနေ့မှာ Play နဲ့ ပတ်သတ်တဲ့ app တွေအကုန်လုံးရဲ့ icon
ပုံစံတွေကို ဒီဇိုင်းပိုင်းဆိုင်ရာ အပြောင်းအလဲလုပ်ခဲ့တာကို တွေ့ရပါတယ်။
Google အနေနဲ့ လွန်ခဲ့တဲ့နှစ်၊ စက်တင်ဘာလလောက်က Google လိုဂိုကို
အပြောင်းအလဲလုပ်ပြီးနောက်မှာ၊ အခုလို Play အုပ်စုထဲက app တွေရဲ့ icon
တွေကိုလည်း ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
App icons တွေဟာ ဒီဇိုင်းပိုင်းအရ ထူးထူးခြားခြားပြောင်းလဲမှုမျိုး
မဟုတ်ပေမယ့်၊ အရောင်ကပို တောက်လာသလို၊ ၊ app icon နောက်မှာ
နောက်ခံတြိဂံပုံစံလေး ပါဝင်လာတာကို တွေ့ရပါတယ်။
အထူးခြားဆုံး ပြောင်းလဲသွားတာကတော့ Play Music ပါ။ Play Music icon မှာ
အရင်လို နားကြပ်ပုံစံလေးပါဝင်လာမှာမဟုတ်တော့ဘဲ ဓာတ်ပြားခွေနဲ့ ဂီတသင်္ကေတ
ပုံစံ ဖြစ်သွားတာကို တွေ့ရပါတယ်။
Google တရားဝင်ဘလော့ဂ်ပို့စ်မှာ ဖော်ပြထားချက်အရ၊ ယခု App icon အသစ်တွေကို
လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ တွေ့မြင်ရမှာ ဖြစ်တယ်လို့ သိရတာကြောင့်၊
ဖြစ်နိုင်တာကတော့ မကြာခင်အနည်းငယ်အတွင်းမှာ Play apps တွေကို update
ထုတ်ပေးသွားဖို့ရှိပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj11An89VEOA5-kfIPW7WavD1h7rows-ZWemJOyrTTmue1ymxkI3lld9FD44EqxfUEzjmnImjcgDDLMmK7B5fo88cROv0ADZGgwnwOIJl0HOd2RugXnV2ZfdhhLOmi8RO8wkrjckWfZZQ/s400/nexus2cee_image-5.png)
0 comments:
Post a Comment