![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdh_FLKxu6FG2Ec1L4EvpNH7pFLFBCuhiOr4U1wHglOwnSBsh7w2VJBoYKmJFCYxb27Lhl1nLgyVAlFyqwTUi8jrG-4XuKHvvXyB9OEJi6gFDbeyFKC7f5NiuKM9b5RQmdVCmOhsfSKA/s400/Facebook-AAT.jpg)
အမြင်အာရုံချို့တဲ့သူ user တွေအနေနဲ့ News feed ပေါ်က ဓာတ်ပုံတွေကို
စိတ်ကူးထဲ ပုံဖော်မြင်ယောင်နိုင်မယ့် iOS tool အသစ်တစ်မျိုးကို Facebook က
ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
‘ အလိုအလျောက်ပုံအစားထိုးစာသားဖော်ပြမှုစနစ်’ လို့ အမည်ပေးထားတဲ့ ဒီ tool အသစ်ကို JAWS အက်ပလီကေးရှင်းလို စခရင်ဖတ် (screen reader) app ရှိသူတိုင်း အသုံးပြုနိုင်မှာဖြစ်ပြီး၊ ကိုယ့် News feed ပေါ်က ဓာတ်ပုံတွေထဲမှာ ပါဝင်တဲ့အကြောင်းအရာ၊ ပုံရိပ်တွေကို ဒီ tool က အသံထွက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဥပမာအားဖြင့်၊ သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ ကမ်းခြေဓာတ်ပုံတစ်ပုံပေါ်လာရင် ဒီ tool က “ ဒီပုံမှာ သစ်ပင်၊ ပင်လယ်ကြီးနဲ့ ကောင်းကင်တို့ ပါဝင်နိုင်ပါတယ်” လို့ အသံထွက်ဖတ်ပြပေးသွားမှာဖြစ်တာကြောင့်၊ မျက်မမြင် တစ်ယောက်အနေနဲ့၊ သူ့ရဲ့ စိတ်ကူးအာရုံထဲမှာ ပုံကို မှန်းဆပုံဖော်နိုင်မှာဖြစ်ပါတယ်။
ဒီ ‘AAA’ tool ကို တီထွင်ခဲ့တဲ့ Facebook အဖွဲ့အနေနဲ့ ယခုလိုပုံရိပ်ဖတ် AI နည်းပညာအောင်မြင်ဖို့အတွက် ဓာတ်ပုံပေါင်းသန်းနဲ့ချီ ထည့်သွင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့် သိရပြီး၊ ဒီနည်းပညာကို neural network ( လူ့ဦးနှောက်နဲ့ အာရုံကြောစနစ်ကို တုပတည်ဆောက်ထားတဲ့ ကွန်ပြူတာစနစ်) လို့ ခေါ်ပြီး၊ Google ရဲ့ AlphaGo AI ပရိုဂရမ်မှာ သုံးထားတဲ့စနစ်နဲ့ တူညီပါတယ်။
News Feed ပေါ်က ဓာတ်ပုံတွေမှာ ပါဝင်တဲ့အကြောင်းအရာတွေကို အသံထွက်ဖတ်ပြရာမှာ၊ ဓာတ်ပုံထဲ ပါတဲ့လူအရေအတွက်၊ အရာဝတ္ထုပစ္စည်း၊ နောက်ခံရှုခင်း စသဖြင့် အစီအစဉ်တကျ ဖတ်ပြပေးသွားမှာ ဖြစ်လို့ မျက်စိမမြင်သူတွေအနေနဲ့ ပုံဖော်မြင်ယောင်ရာမှာလည်း ပိုမိုလွယ်ကူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီ tool ကို လက်ရှိ iOS မှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာစကားနဲ့ပဲ အသုံးပြုနိုင်ပါသေးတယ်။ iOS မှာ တပါတည်းပါတဲ့ screen reader နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး၊ Facebook Settings ထဲက General ကိုနှိပ်၊ Accessibility ကို ရွေးကာ၊ VoiceOver ဆိုတာကို ဖွင့်ပေးလိုက်ရင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Android နဲ့ desktop မှာတော့ လောလောဆည်မရသေးပါဘူး။

0 comments:
Post a Comment